မိုးကုတ်မြို့တွင် ကြေးဘုရားဆင်းတုတော် ခိုးယူလာသူအား ဖမ်းဆီးရမိ

ရဲတပ်ဖွဲ့ လှည့်ကင်းဆောင်ရွက်စဉ် ကြေးဘုရားဆင်းတုတော် ခိုးယူလာသူအား ဖမ်းဆီးရမိ
မိုးကုတ် စက်တင်ဘာ ၁၈

မိုးကုတ်မြို့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုဖြင့် ရဲစခန်းမှူးများ ကြီးကြပ်ကာ ရဲတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေလုပ်ငန်း များအား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရဲတပ်ဖွဲ့စုတစ်ခုမှ လှည့်ကင်းဆောင်ရွက်စဉ် ကြေးဘုရားဆင်းတုတော် ခိုးယူလာသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရဲအုပ်ဆန်းလွင် ခေါင်းဆောင်သော တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၇ ရက် ညနေ ၆ နာရီခွဲ ခန့်က လှည့်ကင်းတာဝန်ဆောင်ရွက် နေစဉ် ပိတ်ဆွယ်ရပ် တောင်နီကွေ့ရဲကင်း ရှေ့တွင် ပီနံအိတ်အထုပ်တစ်ထုပ် ထမ်း လာသူတစ်ဦးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ၄င်းမှာ အောက်လယ် ဦး ရပ်နေ မောင်စိန်ဝင်းဖြစ်ကြောင်းနှင့် အထုပ်ကို ဖွင့်ဖောက်စစ်ဆေးရာ ဥာဏ်တော်အမြင့် တစ်ပေ ခြောက် လက်မ ကြေးဆင်းတု ဘုရားတစ်ဆူ အား တွေ့ရှိပြီး ၄င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာပြသ ပြောဆိုနိုင်ခြင်းမရှိသဖြင့် မြို့မ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာ နေအိမ် တစ်အိမ်အတွင်းမှ ခိုးယူလာကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

သို့ဖြစ်၍ ဘုရားဆင်းတုခိုးယူလာသူ စိန်ဝင်းအား မိုးကုတ်မြို့မရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 နေဝါ(မိုးကုတ်)
Myanmaalinn
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :