အီးဒ်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒါကာမြို့တွင် သွေးချောင်းစီးသွားခဲ့


အစ္စလာမ်ဘာသာဝင်များ၏ ဘာက္ကရီ အီးဒ်နေ့တွင် ဆိတ်၊ နွားတိရစ္ဆာန်များကို အသားသတ်ခြင်းပြုလုပ်ကြရာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာတွင် သတ်ဖြတ်ခံတိရစ္ဆာန်တို့၏သွေးများဖြင့် သွေးချောင်းစီးသကဲ့သို့ ဖြစ်သွားခဲ့ကြောင်း Times Of India သတင်းဌာနက ဖော်ပြသည်။


 ယင်းနှင့်ပတ်သက်၍ ဒါကာမြို့၏ ရေမြောင်းစနစ်အားနည်းချက်အပေါ် ဝေဖန်မှုများရှိသကဲ့သို့ အချို့ကလည်း ကုရ်ဘာနီအပြီး သန့်ရှင်းရေးပြုလုပ်မှု နောက်ကျခြင်းအပေါ် ထောက်ပြပြောဆိုလျက်ရှိသည်။


 India Today ၏သတင်းအရ ဒါကာမြို့တွင် အီးဒ်နေ့ သားသတ်ခြင်းပြုလုပ်ရန် နေရာ ၅၀၀ ၀န်းကျင် ခွင့်ပြုသတ်မှတ်ပေးထားကြောင်း သိရသည်။


 သို့ရာတွင် အချို့လူနေရပ်ကွက်များတွင် သတ်မှတ်နေရာတွင်မဟုတ်ဘဲ လူနေအိမ်ရှေ့များတွင်ပင် သားသတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


 ရေကြီးရေလျှံမှု၊ ရေမြောင်းပိတ်ဆို့မှုသည် ဒါကာမြို့တွင် ပြဿနာတရပ်ဖြစ်နေသည်မှာ ကြာပြီဖြစ်ကြောင်း Dhaka South City Corporation မှ အမှိုက်သိမ်းဌာန ဒု-ဌာနမှူး Khandker Millatul Islam က ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :