ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန်တွင် ရွှေဆွဲကြိုးဖြတ်ပြေးသူအား ဖမ်းဆီးမိ


ပျဉ်းမနား စက်တင်ဘာ ၈

နေပြည်တော် ဒက္ခိဏခရိုင် ပျဉ်းမနား မြို့နယ် မင်္ဂလာရှမ်းကန်၌ စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီက မင်္ဂလာရှမ်း ကန်ထိုင်ခုံပေါ်တွင် စကားပြောနေ သော သမီးရည်းစားစုံတွဲထံမှ ရွှေ ဆွဲကြိုးဖြတ်ယူ ထွက်ပြေးမှုဖြစ်ပွား သည်။

ဖြစ်စဉ်မှာ ပျဉ်းမနားမြို့နေသူ သမီး ရည်းစားနှစ်ဦး မင်္ဂလာရှမ်းကန်အနောက် ဘက်စည်ပင်ရုံးအနီးထိုင်ခုံ၌ စကားပြော နေစဉ် အရက်သေစာသောက်စားထား သော အမည်မသိလူနှစ်ဦးမှာ အနီးသို့ ရောက်လာပြီး ခုံ၌ထိုင်နေသူအမျိုးသား ထံမှ ပိုက်ဆံတောင်းသဖြင့် ငွေကျပ် ၄ဝဝ အားပေးလိုက်သည်။

ထိုငွေကျပ် ၄ဝဝ ပေးမှုအပေါ် မကျေနပ်ကြောင်းပြောဆိုကာ ငွေကျပ် ၂ဝဝဝဝ ပေးရမည်ဟုပြောသောကြောင့် ထိုင်နေသည့် သမီးရည်းစားစုံတွဲမှ ငွေ မပါကြောင်းပြန်ပြောစဉ် အဆိုပါအရက် သေစာမူးယစ်နေသူနှစ်ဦးမှာ ထိုင်ခုံ၌ ထိုင်နေသူ သမီးရည်းစား စုံတွဲအမျိုးသား ဝတ်ဆင်ထားသော ဆွဲကြိုးအား ဖြတ် ပြေးကြသည်။

၎င်းတို့နှစ်ဦး ရွှေဆွဲကြိုးဖြတ်ပြေးသွားသောကြောင့် အနီးအနားရှိသူ များအား အကူအညီတောင်းပြီး ရဲစခန်း သို့ ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် အခင်းဖြစ်ပွားရာသို့ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်၍ ပျဉ်းမနား မြို့မရဲစခန်းမှူး ဒုတိယရဲမှူးတင်ဌေး နှင့်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စည်ပင် မှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးနှင့် ပြည်သူများက ပူးပေါင်းကာ လိုက်လံဖမ်းဆီးကြရာ ရွှေဆွဲကြိုးဖြတ် ပြေးသူ ကျော်ကျော်ဦး(ခ) ကြက်ကုလား (၁၉ နှစ်)အား မင်္ဂလာရှမ်းကန် အရှေ့ ဘက်လမ်းဘေး၌ ဖမ်းဆီးရမိပြီး သံကြိုး ပုံရွှေဆွဲကြိုးအပြတ် သုံးပိုင်းအား ပြန် လည်ရရှိခဲ့သည်။

အဆိုပါ ရွှေဆွဲကြိုး လုယက်ထွက် ပြေးကြသူများဖြစ်သော ကျော်ကျော်ဦး (ခ) ကြက်ကုလားနှင့် ထွက်ပြေးတိမ်း ရှောင်သွားသူ သန့်ဇင်ထူးတို့အား အရေး ယူပေးရန် အမျိုးသားက ပျဉ်းမနား မြို့မရဲစခန်းသို့ တိုင်ကြားထားကြောင်း သိရသည်။

 မျိုးဇေယျာ(ပျဉ်းမနား)
Myanmaalinn

Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :