သရုပ်ဆောင် မင်းအုပ်စိုးကို ထောင်ဒဏ်တသက်တကျွန်းမှ ၁၀ နှစ်သို့ ပြောင်းလဲချမှတ်


သရပါမဂ္ဂဇင်းထုတ်ဝေသူ သရုပ်ဆောင်နှင့် ဒါရိုက်တာ မင်းအုပ်စိုးကို လူသတ်မှုဖြင့်ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားခဲ့ရာကနေ စက်တင်ဘာ ၉ ရက်တွင် နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်သို့ ပြောင်းလဲချမှတ်ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ပုဒ်မ (၃၀၄) အရ ထောင်ဒဏ် တသက်တကျွန်းကနေ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ကို ပြောင်းလဲချမှတ်ခဲ့ခြင်းဖြစ်ပြီး လူသတ်မှုမှလူသေမှုသို့ ပြောင်းလဲအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သရုပ်ဆောင်မင်းအုပ်စိုး ပြီးခဲ့သော ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ၄င်း၏ နေအိမ်တွင် သရပါ မဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ်ကို လူမှုရေးကိစ္စမေးမြန်းစကားများရန်ဖြစ်ရာမှ အိမ်ခန်းအတွင်း ထိုးကြိတ်ကန်ဆောင့်မှုကြောင့် မတေးနုယဉ် သေဆုံးခဲ့ပြီး ပုဒ်မ ၃၀၂(ခ)ဖြင့် အရေးယူအပြစ်ပေးခံရခြင်းဖြစ်သည်။

မင်းအုပ်စိုးကို ရန်ကုန်၊ ဗဟန်းမြို့မရဲစခန်းက ပြစ်မှုအမှတ် ၅၁၉/၂၀၁၄ ပြစ်မှုဥပဒေ ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခဲ့ပြီး ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ပြစ်မှုဥပဒေပုဒ်မ ၃၀၂ (၂) ဖြင့်၂၀၁၅ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့မှာ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ခြင်းဖြစ်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :