တရားမ၀င် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူကို အမှုဖွင့်အရေးယူထား
စက်တင်ဘာ (၉) ရက်နေ့ က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ၊ ဘန့်ဘွေးအိုရီယမ်တယ်တိုးဂိတ်အနီးတွင် ရဲအုပ်အောင်ချစ်စု ဦးစီးသည့်အဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပိတ်ဆို့စစ်ဆေးရှာဖွေရေးလုပ်ငန်းများဆောင်ရွက်နေစဉ် မန္တလေးမှ လားရှိုးသို့ ယာဉ်မောင်း တုံပေါင်ဟူ(ခ)ကိုစိုင်း မောင်းနှင်လာသော AD Van အမျိုးအစား အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်၏ထိုင်ခုံအောက် ခြေနင်းပြားများအောက်တွင် ဖုံးအုပ်သယ်ဆောင်လာသည့် အ၀ါရောင်တိပ်ဖြင့်ပတ်လျှက် ကျောက်စိမ်းတုံးဆိုဒ်စုံ(၁၁၄)တုံး၊ အလေးချိန်(၂၂၈.၆၀၈၇)ကီလိုဂရမ်ခန့်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ တရားမ၀င် ကျောက်စိမ်းတုံးများ သယ်ဆောင်လာသူ ယာဉ်မောင်း တုံပေါင်ဟူ(ခ)ကိုစိုင်း ၊ ရပ်ကွက်(၅)၊ လားရှိုးမြို့နေသူအား ကျောက်မျက်ဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သတင်း - ဓါတ်ပုံ Nay Myo
Labels
ပြည်တွင်းသတင်း




Post A Comment
No comments :