နာရေး အသုဘပို့သွားသည့် မော်တော်ယာဉ် ဘရိတ်ပေါက်ပြီး လမ်းဘေးဆွဲချရာမှ ယာဉ်ပေါ်ပါသူများ ဒဏ်ရာရရှိ


မြိတ်မြို့မှ ရှမ်းတောင်ရွာသို့ နာရေး အသုဘပို့ သွားသည့် မော်တော်ယာဉ် တစ်စီး ဆင်ဝင်းရွာ အနီးတွင် ဘရိတ်ပေါက်ပြီး လမ်းဘေးဆွဲချသဖြင့် အမျိုးသမီး(၅)ဦး၊ ကလေး(၂)ဦး ယာဉ်ပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာရရှိကာ မြိတ်ဆေးရုံကြီးသို့ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ မွန်းတည့် (၁၂း၃၀) နာရီ အချိန်တွင် ရောက်ရှိ လာခဲ့ကြောင်း သိရပါတယ်။

မြိတ်မြို့ ဘုရားကိုးဆူလမ်းနေ ယဉ်မောင်း ဦးစိုးအေး (ဘ) ဦးစောတင် မောင်းနှင်လာတဲ့ Town Age အမျိုးအစား ယာဉ်အမှတ် YGN 8F- 7403 မော်တော်ကားဟာ ကားညာဘက် ရှေ့ဘီးပေါက် စလစ်ဖြစ်ပြီး လမ်းဘေးဆွဲချ သွားကာ ယာဉ်ပေါ်ပါသူများ ပြုတ်ကျမှု ဆင်ဝင်းရွာ အနီးမှာ နံနက် ၁၁နာရီခွဲခန့် အချိန်က ဖြစ်ကြောင်း သိရပါတယ်။

ကားပေါ် လိုက်ပါလာတဲ့ အမျိုးသမီး(၅)ဦးမှာ အတွင်း လူနာ အဖြစ် တက်ရောက် ကုသလျက် ရှိပြီး ကလေး(၂) ဦးမှာ ပြင်ပလူနာအဖြစ် ကုသနေရကြောင်း သိရှိရ ပါတယ်။

(တနင်္သာရီတိုင်းမ်း သတင်းမီဒီယာ)
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :