ပုသိမ်မြို့နယ် အမှတ်(၄) ရပ်ကွက်၊ ငှက်ပျောတန်းလမ်းနှင့် ဆီဆိုင် လမ်းကြားတွင် မီးလောင်မှုဖြစ်ပွား
![]() |
| ဓါတ်ပုံ - ပုသိမ်ခရိုင် ရဲတပ်ဖွဲ့  |
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ ငှက်ပျောတန်းလမ်းနှင့် ဆီဆိုင်လမ်းကြား ထောင့်ရှိ ပိုင်ရှင် ဒေါ်ခင်မျိုးရီ (ဘ)ဦးမြိုင်ရွှင် အသက်(၄၅)နှစ်၏ သွပ်မိုးအုပ်ကာ ကွန်ကရစ်ခင်း တစ်ထပ် ဆီသိုလှောင်ရုံတွင် စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်(၈း၅၀)နာရီ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်း ရရှိသည်။
မီးလောင်ရာသို့ ပုသိမ်နယ်မြေ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ မီးငြိမ်းသတ်ယာဉ် (၅)စီး၊ သန္ဓေ တပ်ဖွဲ့ဝင်(၅၀)ဦး၊ ရဲတပ်ဖွဲ့ဝင်(၃၅)ဦး၊ တပ်မတော်သား(၂၀)ဦး၊ ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးတို့မှ ပူးပေါင်းငြိမ်းသတ်ရာ နံနက်(၉း၃၀)နာရီတွင် မီးလုံးဝငြိမ်းသွားခဲ့သည်။
မီးလောင်မှုဖြစ်စဉ်မှာ- ရေနွေးအိုးတည်ရန် ပလပ်ထိုးရာမှ မီးစထွက်ပြီး ဓါတ်ဆီပုံးပေါ်သို့ကျ၍ မီးစတင်လောင် ကျွမ်းခဲ့ကြောင်း၊ ဆီသိုလှောင်ရုံ(၁)လုံး၊ ဆိုင်ကယ် အပျက်(၁)စီး၊ အကောင်း(၁)စီး၊ ဓါတ်ဆီ(၅၀)ဂါလံ၊ ဒီဇယ်(၂၀၀)ဂါလံ၊ ရေနံချေး အချိန်(၁၀)ပိသာ မီးလောင်ခံ ရကြောင်း ၊ ပုဒ်မ(၂၈၅) ပ-၂၈၂/၂၀၁၆ ဖြင့် အမှုဖွင့် အရေးယူ ထားလျှက်ရှိကြောင်းနှင့် မီးလောင်မှုကြောင့် ဆီဆိုင်လုပ်သား ဦးမောင်ငယ် (ဘ) ဦးချစ်တင် (၆၂)နှစ်မှာ ဘယ်လက် ဘယ်ခြေထောက် မီးဟတ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ရာ ပြည်သူ့ ဆေးရုံးကြီးတွင် ဆေးရုံတက်ရောက် ကုသလျှက်ရှိကြောင်း သိရှိရသည်။
မြင့်ဟန်(ပြန်/ဆက်)
MOI Webportal Myanmar
Labels
ပြည်တွင်းသတင်း



Post A Comment
No comments :