ရွှေတောင်ရိုး ခရီးသည်တင်ယာဉ်မှ လမ်းလယ်ကျွန်းဝင်တိုက်


ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မစ်ဆူဘီရှီ ကင်တာမော်တော်ယာဉ်အား လိုက်ထရပ်ယာဉ် က နောက်မှဝင်တိုက်၊ ရွှေတောင်ရိုး ခရီးသည်တင်ယာဉ်မှ လမ်းလယ်ကျွန်းဝင်တိုက်

နေပြည်တော် စက်တင်ဘာ(၁၂)

ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး၏ တပ်ကုန်းမြို့နယ်၊ ဘုရားတောင် အမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၂၃၈/၀ အနီး၌ စက်တင်ဘာ(၁၂)ရက် ယနေ့နံနက် ၅ နာရီခွဲတွင် နေပြည်တော်မှ မန္တလေးဘက်သို့ ယဉ်မောင်း ဦးစိုးနိုင် မောင်းနှင် လာ သော မစ်ဆူဘီရှီ ကင်တာမော်တော်ယာဉ်မှာ အချက်ပြမီးပြ၍ ရပ်ထားပြီး ယာဉ်နောက်တွင်ရပ် ၍စကားပြောနေသော ယာဉ်မောင်း ဦးစိုးနိုင် ၊ယာဉ်ပေါ်ပါ မောင်ဖြိုးသီဟဇော်နှင့် ရပ်ထားသည့်ယာဉ်အား ယာဉ်မောင်း ကျော်သူရ မောင်းနှင်လာသော လိုက်ထရပ် ယာဉ်မှ နောက်က ၀င်တိုက်ခဲ့သည်။


 အဆိုပါ ယာဉ်တိုက်မှုကြောင့် မောင်ဖြိုးသီဟဇော် လှိုင်သာယာမြို့နေသူမှာ ဦးခေါင်း ပေါက်ပြဲ၊ ၀ဲယာ ခြေကျိုးကြေ (စိုးရိမ်ရ)၊ ယာဉ်မောင်း ဦးစိုးနိုင်မှာ ယာခြေကျိုး (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သည်။

ဒဏ်ရာရရှိသော လူနာ နှစ်ဦး အား အမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ပိုင်မော်တော်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ စခန်းမှသိရ သည်။

ထို့အတူ စက်တင်ဘာ(၁၂)ရက် နံနက် ၇ နာရီ ၁၅ မီနစ်က လှည်းကူးမြိုနယ်၊ အမှတ်(၃)လမ်းဆုံ အမြန်လမ်းရဲစခန်း ပိုင် မိုင်တိုင်အမှတ် ၁၅/၄ နှင့် ၁၅/၅ အကြား နေပြည်တော်မှ ရန်ကုန်သို့ယာဉ်မောင်း သီဟထွန်း မောင်းနှင်လာသော ရွှေတောင်ရိုး ခရီးသည်တင် မော်တော်ယာဉ်သည် အရှိန်မထိန်းဘဲလမ်းလယ် ကျွန်း သို့ဝင်ရောက်တိုက်မိသည်။


 အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသာ(၁၇)ဦး အမျိုးသမီး(၁၅)ဦး( ယာဉ်မောင်းပါ) တို့သည် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း အမြန်လမ်း ရဲတပ် ဖွဲ့စခန်းမှ သိရသည်။

ယာဉ်မတော် တစ်ဆမှုများကြောင့် အဆိုပါယာဉ်မောင်းများအား အမြန်လမ်း ရဲတပ်ဖွဲ့စခန်းများက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
MOI Webportal Myanmar
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :