မအူပင်မြို့ နယ်မှာ ကားတစ်စီး ချောင်းထဲထိုးကျရာ အမျိုးသမီး (၅)ဦး ရေနစ်မွန်း သေဆုံး


ဧရာဝတီတိုင်း ဒေသကြီး ၊ မအူပင်ခရိုင် ၊ မအူပင်မြို့ နယ် စွန်သိုက်ကျေးရွာအုပ်စု ငါးအိမ်တန်းကျေးရွာ ရေလဲလမ်းဘေးရှိ ချောင်းအတွင်းသို့ ယနေ့  ၀၈/၀၉/၂၀၁၆ စက်တင်ဘာလ (၈)ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ် အချိန်ခန့် တွင် မိသားစု (၇)ဦးလိုက်ပါ စီးနင်းလာသော TOYOTA HILUX SURF အပြာရောင် အိမ်စီး မော်တော်ယာဉ် တစ်စီး ထိုးကျ နစ်မြုပ် ခဲ့ကြောင်း သိရပါသည်။


အဆိုပါယာဉ်ကို ကျေးရွာနေ ပြည်သူတို့ ၏ အကူအညီဖြင့် ခက်ခက်ခဲခဲ ဆယ်ယူခဲ့ရာတွင် ကားအတွင်း ရေနစ်မွန်းခဲ့သဖြင့် အသက်(၁၃)နှစ်ခန့် ရှိ မိန်းခလေးတစ်ဦး အပါအ၀င် အမျိုးသမီး (၅)ဦး သေဆုံးကာ အသက်မသေဘဲ ကျန်ရှိသော အမျိုးသား (၂)ဦးကို ကရုဏာယာဉ်များဖြင့် မအူပင်ဆေးရုံသို့ ပို့ ဆောင်ပေးကြကြောင်း သိရပါသည်။


အဆိုပါ မော်တော်ယာဉ်သည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့ နယ်ရှိ ဘုန်းကြီးပျံမှ ပြန်လာကြပြီး ရေလဲလမ်းအတိုင်း မအူပင်ဘက်သို့ မောင်းနှင်လာစဉ် ရုတ်တရက် ၀ဲဘက်လမ်းဘေး ချောင်းထဲထိုးကျသွားခြင်း ဖြစ်သည်ဟု သိရကြောင်း ကျေးရွာနေ ဒေသခံတစ်ဦးက ပြောပါသည်။


အဆိုပါ မိသားစု မော်တော်ယာဉ်သည် ရန်ကုန်မြို့ ရှိ ဆန်၊ စပါးလုပ်ငန်းရှင်များ အသင်းမှ ဖြစ်ကြောင်းလည်း သိရသည်။

သတင်း - ဓါတ်ပုံ ။  ။ Kaung Myat
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :