မြိတ်မြို့တွင် ငါးဖမ်းပိုက်လှေသုံး ပစ္စည်းဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွါး


မြိတ် စက်တင်ဘာ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ထားဝယ်စုရပ်ကွက်၊ ကမ်းနားလမ်းရှိ ငါးဖမ်းပိုက်လှေသုံး ပစ္စည်းများသိုလှောင်ထားသော ဂိုဒေါင်တစ်လုံးတွင် စက်တင်ဘာလ(၁၇)ရက်၊ မွန်းလွဲ(၂း၄၅)အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့သည်။

ဖြစ်စဉ်မှာ ကမ်းနားလမ်းရှိ ဦးဘီပိုင်ဆိုင်ပြီး ဂိုဒေါင်စောင့် ဦးဝင်းဌေးလုပ်ကိုင်လျက်ရှိသော ငါးဖမ်းပိုက်လှေသုံးပစ္စည်းများသိုလှောင်ထားသည့် အလျား(၃၀)ပေ၊ အနံ(၂၀)ပေရှိ ဂိုဒေါင်အတွင်း သိုလှောင်ထားသော ငါးဖမ်းပိုက်ပစ္စည်းများ အောင်းအပူဖြစ်ပြီး အပူလွန်ကဲမီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ရာ မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းနှင့် သန္တေမီးသတ်တပ်ဖွဲ့ဝင်(၂၇)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၇၀)ဦး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၃)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၂)စီး စုစုပေါင်း(၁၂)စီးဖြင့် ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ညနေ(၃း၁၅)နာရီတွင်မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းတန်ဖိုးငွေ(၄၉၉၅၀၀ိ/-)ခန့် ဆုံးရှုံးခဲ့ပြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

IPRD MYEIK
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :