ဖုန်းမှတဆင့် မိုကြိုးလျပ်စီးဒဏ်သင့်
၁၆.၉.၂၀၁၆ နေ့လည်ခင်း မိုးရွာသွန်းနေစဉ် စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ်၊ မော်လူးတိုက်နယ်အုပ်စု၊ ဟဲနုကျေးရွာနေ အဘ ဦးအောင်အောင်၊ အမိ ဒေါ်ခင်မာဝင်းတို့၏ သမီးဖြစ်သူ အသက် ၁၇ နှစ်အရွယ်ရှိ မပိုပိုချစ်သည် သူမ၏ဖုန်းကို သူမ၏ရင်ဘတ်ပေါ်၌တင်လျက် အိပ်ပျော်နေခဲ့သည်။
မွန်းလွဲ ၁:၄၅ အချိန်တွင် မိုးကြိုးပစ်သံနှင့်အတူ လျှပ်စီးကြောင်းတစ်ခုသည် မပိုပိုချစ်၏ ရင်ဘတ်ပေါ်ရှိ ဖုန်းအနီးမှတဆင့်ဖြတ်သန်းသွားသည်ကို သူမ၏မိဘများက အမှတ်တမဲ့တွေ့မြင်လိုက်ရသည်။
မိဘများကလည်း သမီးဖြစ်သူ မပိုပိုချစ်ဆီသို့ အပြေးအလွှားသွားပြီး ပွေ့ထူလိုက်ရာ မပိုပိုချစ်မှာ သတိလစ်နေပြီဖြစ်ကြောင်းတွေ့ရှိရသည်။
သို့နှင့် မပိုပိုချစ်ကို မော်လူးတိုက်နယ်ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးရာ ယခုအခါ မပိုပိုချစ်မှာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး မည်သည့်ဒဏ်ရာမျှ မရရှိခဲ့သော်လည်း စကား လုံးဝပြောနိုင်ခြင်းမရှိတော့ပေ။
ထို့ကြောင့် မော်လူးတိုက်နယ်ဆေးရုံတွင် ဆက်လက်ပြီး ဆေးကုသမှုခံယူနေကြောင်း သိရှိရပါသည်။
Zaw Tun
Labels
ပြည်တွင်းသတင်း


Post A Comment
No comments :