ဆီးရီးယား အပစ်ရပ်စဲရေးယူ

IS ကို လေကြောင်းက တိုက်ခိုက်ဖို့ ညှိနှိုင်းမယ်
ဆီးရီးယား အရေး သဘောတူညီမှုအရ တနင်္လာနေ့က စပြီး ၁ဝ ရက် အပစ်ရပ်စဲရေး စတင်မှာ ဖြစ်ပါတယ်။

အပစ်ရပ်စဲရေး အနည်းဆုံး တပတ်ထိ ခံရင် IS အစ္စလာမ္မစ် စစ်သွေးကြွတွေကို လေကြောင်း တိုက်ခိုက်မှု တွေ လုပ်ဖို့ ညှိနှိုင်း ဆောင်ရွက် သွားမယ်လို့ လည်း အမေရိကန်နဲ့ ရုရှတို့ သဘောတူလိုက်ကြပါတယ်။

ဆီးရီးယား အစိုးရ တပ်တွေကို အမေရိကန် ထောက်ခံတဲ့ သူပုန်တွေ ရှိတဲ့ နယ်မြေမှာ ပျံသန်း တိုက်ခိုက် ခွင့်မပြုဘူးလို့လည်း သိရပါတယ်။

ဒီ သဘောတူညီချက်တွေကို အားလုံး လိုက်နာနိုင်ရင် ဆီးရီးယား အနာဂတ် အတွက် နိုင်ငံရေး ညှိနှိုင်းဆွေးနွေးပွဲတွေ စတင်နိုင်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားပါတယ်။

ဆီးရီးယား သမ္မတ အာဆတ်ကို ဒီအရေး လိုက်နာ ဆောင်ရွက်ဖို့ ပြောထားကြောင်းလည်း ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်က ဆိုပါတယ်။

BBC Burmese
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :