ခန္တီးမြို့ နယ် နမ့်စီပွန်ရွာဘက်တွင် လမ်းပေါ်ဗုံးပေါက်ကွဲ
စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးမြို့ နယ် နမ့်စီပွန်ရွာဘက် လမ်းပေါ်တွင် စက်တင်ဘာ ၉ ရက်နေ့ နံနက် ၄ နာရီခန့်က ဗုံးတစ်လုံးပေါကွဲခဲ့ရာ နေရာတွင် ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသဒံတဦးက ဖုန်းဆက်သွယ်ပြောကြားသည်။
"သေသူက ဗုံးထောင်သူဖြစ်မလားလို့ ထင်တယ်။ကျောက်စိမ်းကုမ္ပဏီ တစ်ခုနဲ့နီးပြီး တခြား ထိခိုက်တာ တွေမရှိဘူး။"ဟု ၄င်းကပြောသည်။
သေဆုံးသူမည်သူဖြစ်ကြောင်းနင့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို စစ်ဆေးနေပြီး ယနေ့နံနက် ၁၂ နာရီထိ အသေးစိပ် မသိရသေးကြောင်း။ဖြစ်ပွားသည့်နေရာမှာ ဖုန်းလိုင်း မမိသောကြောင့် စစ်ဆေးသူများ ရောက်ရှိမှ သိရှိရမည်ဟုခန္တီးရဲစခန်းမှ စခန်းမှူးက ဖြေကြားသည်။
ခိုင်ဆက်ဝေ။
News Watch
Labels
ပြည်တွင်းသတင်း




Post A Comment
No comments :