လက်နက်ကိုင်ပြီး အိမ်အတွင်းလုယက်ရန် ဝင်ရောက်လာသူနှစ်ဦး ကို ပြစ်ဒဏ်ချမှတ်


နမ့်ခမ်း စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ပေါက်တင်မရပ်ကွက်၌ ဖေဖော်ဝါရီလ အတွင်းက ငွေလဲလုပ်ငန်းလုပ်ကိုင်လျက်ရှိသော ဦးစိုင်းမောင်လှ၊ ဒေါ်နန်းတင်ရီတို့၏ နေအိမ် အတွင်း သေနတ်တစ်လက်၊ စတီးဓားရှည်တစ်လက်ကိုင်ဆောင်ပြီး လုယက်ရန် ဝင်ရောက်သူ သုံးဦးအား ရပ်ကွက်နေပြည်သူများ၊ အိမ်နီးနားချင်းများနှင့် ရဲတပ်ဖွဲ့ဝင် များပူးပေါင်း၍ ဖမ်းဆီးရာ ဖမ်းဆီးရမိခဲ့သူနှစ်ဦးကို မြို့နယ်တရားရုံး၌ စစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် စက်တင်ဘာ ၁၆ ရက်က မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါပြစ်ဒဏ်ကျခံရသူနှစ်ဦးမှာ ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စု ကုန်စုံရွာနေ လာခိုင်ချုံ(ခ)အိုက်စိုင်း(၂ဝ နှစ်) အား ရာဇသတ်ကြီးပုဒ်မ(၃ဝ၇)အရ အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ(၃၉၄) အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်၊၂ဝ၁၂ ခုနှစ် ပို့ကုန်သွင်းကုန်ပုဒ်မ (၈)အရ အလုပ်နှင့်ထောင်ဒဏ်သုံးလ၊ ရှမ်းလက်နက်အမိန့် အပိုဒ်-၁၂ အရ အလုပ်နှင့်ထောင်ဒဏ်ခြောက်လ စုစုပေါင်း ရှစ်နှစ်ကိုးလကျခံစေရန်၊ နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်နေ ရန်ရိုးနိမ့်(ခ) လိုက်နိမ့် (၂ဝ နှစ်) အား ရာဇသတ်ကြီးပုဒ်မ(၃၉၄)အရ အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်၊၂ဝ၁၂ ခုနှစ် ပို့ကုန် သွင်းကုန်ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ်သုံးလ စုစုပေါင်း ငါးနှစ်သုံးလကျခံစေရန် မြို့နယ်တရားရုံးက အမိန့်ချလိုက်ပြီး ထွက်ပြေးတရားခံ လောက်ဖျင့်အား တရားခံပြေး အဖြစ် ကြေညာ၍ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဉာဏ်မင်း(နမ့်ခမ်း)
MOI Webportal Myanmar
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :