အိမ်မွေးရွှေငါးလေးရဲ့ခွဲစိတ်မှုအတွက် ဒေါ်လာ ၃၅၀ ကျော်အကုန်ကျခံခဲ့တဲ့ အမျိုးသမီး


သြစရေလျား အမျိုးသမီး တစ်ဦးက ဒေါ်လာရာကျော် အကုန်ကျခံပြီး ကျောက်စရစ်ခဲ မြိုချလိုက်တဲ့ သူမရဲ့ ရွှေငါးလေး အသက်ကို ကယ်ခဲ့ပါတယ်။

Marsh က သူ့ရဲ့ ငါးလေး Conquerက လက်မ၀က်လောက် ရှည်တဲ့ ကျောက်စရစ်ကို မြိုချပြီးနောက် ချောင်းတွေဆိုးလာတာကို သတိပြုမိခဲ့ပါတယ်။

အတိအကျ ဒေါ်လာ ၃၇၂ ကျပ် အကုန်ကျခံပြီး ကျောက်စရစ်ကို Brisbane Bird and Exotics Veterinary Services မှာ ကုသခဲ့ပါတယ်။

ကျောက်စရစ်ရဲ့ အရွယ်အစားက ဖယ်ထုတ်မပစ်ရင် ရွှေငါးရဲ့ အသက်အတွက် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ရွှေငါးလေးကို ပါးစပ်လှုပ်ရှားကို လုပ်ခိုင်းပြီး ကျောက်စရစ်ကို ကော်ထုတ်ဖို့လုပ်ခဲ့တာပါ။ တကယ်လို့သာ ဘာမှ မလုပ်ခဲ့ရင် သူသေရမှာပါ လို့ Marsh က ပြောပါတယ်။

Conquer တစ်ကောင် ကျောက်စရစ်ကိုဖယ်ရှားခဲ့ပြီး ကျန်းကျန်းမာမာ ရှိဖို့ တစ်ရက် ကန်ထဲမှာ ထားရှိခဲ့ပြီး ခုဆိုရင်တော့ အိမ်ကို ပြန်ရောက်သွားပါပြီ။

( Michelle )
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :