"လွှတ်တော်အမတ်ရဲ့ စီစီတီဗီမှတ်တမ်း ထွက်လာ"

ကာရာအိုကေသီဆိုဖို့ လာရောက်တာကို ခွင့်မပြုတဲ့အတွက် ၀န်ထမ်းတွေကို ဆဲဆိုကြိမ်းမောင်းခဲ့တယ်ဆိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ အတူပါလာသူ နှစ်ဦးကို ရွှေပြည်သာမြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။
ဒီဖြစ်စဉ်အစအဆုံးကို မှတ်တမ်းတင်ရိုက်ကူးထားတဲ့ စီစီတီဗီမှတ်တမ်းကိုတော့ Motel Shwe Pyi Thar ကဒီနေ့မှာ မီဒီယာတွေကနေတစ်ဆင့်ဖြန့်ဝေလိုက်ပါတယ်။
စီစီတီဗီမှတ်တမ်းထဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်လင်းဆိုသူက အင်္ကျီအဖြူရောင်လက်ရှည်ကို ၀တ်ဆင်ထားပြီး ၎င်းနဲ့အတူပါလာတဲ့ ကိုနိုင်ဆိုသူက အင်္ကျီအဖြူရောင်လက်တိုဝတ်ဆင်ထားတာဖြစ်ပါတယ်။
နောက်ထပ်အတူပါလာသူတစ်ဦးကတော့ ကိုဆန်းဝင်းဆိုသူဖြစ်ပြီး အင်္ကျီအစိမ်းရောင်နဲ့ ဦးထုပ်ဆောင်းထားတာဖြစ်ပါတယ်။
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :