လားရှိုး-မူဆယ် မိုင်တိုင်အမှတ် ၂၁၄ အနီး တံတားအောက်မှာ လက်လုပ်မိုင်း ၆လုံးတွေ့ ရှိ
အများပြည်သူပိုင် တံတားအနီး၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၆လုံးတွေ့ ရှိ ၊ တပ်မတော်သားများက ရှင်းလင်း |
ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ သိန်းနီ-ကွတ်ခိုင်အကြား တပ်မတော်စစ်ကြောင်းက နယ်မြေ ရှင်းလင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၃ နာရီခန့်တွင် လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၂၁၄ အနီး တံတားအောက် ရေပြွန်အတွင်း၌ အကြမ်းဖက်သောင်ကျန်းသူများ ထောင်ထားသော ဒေသန္တရ လက်လုပ်မိုင်း ၆လုံးအားတွေ့ရှိခဲ့သဖြင့် အများပြည်သူ ထိခိုက်ဒဏ်ရာရှိမှုမရှိစေရေး တပ်မတော် စစ်ကြောင်းမှ အထူးမိုင်းရှင်းလင်းရေးအဖွဲ့ များဖြင့် ရှင်းလင်းပြီးဖြစ်ကြောင်းသိရှိရသည်။
အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လုံခြုံရေးနှင့်တည်ငြိမ် အေးချမ်းမူရှိစေရန် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြ၀တီ
REF News မှသတင်းများကိုမိတ်ဆွေတို့၏Mobile Phone တွင်လွယ်ကူစွာဖတ်ရှု့နိုင်ဖို့
REF News Apkကို Download ရယူလိုက်ပါ။
Labels
မှု့ခင်းသတင်း
Post A Comment
No comments :