ဒိုက်ဦး၌ KM အထည်ချုပ်စက်ရုံမှ အလုပ်သမားကြို/ပို့ ယာဉ် လမ်းဘေးသစ်ပင်အား တိုက်မိ အလုပ်သမားတချို့ ဒဏ်ရာပြင်းထန်
ဒိုက်ဦး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား |
ဒီဇင်ဘာ ၄ ရက် ၁ နာရီ မိနစ် ၅ဝ အချိန်ခန့် ပဲခူးတိုင်း ဒေသကြီး ဒိုက်ဦးမြို့နယ် ဆင်စခန်းကျေးရွာ ရန်ကုန်-မ္တလေးကားလမ်းပေါ်တွင် ပြွန်တန်ဆာဘက်မှ ဒိုက်ဦးဘက်သို့ ယာဉ်မောင်း ဇော်လင်းဦး (၂၈ နှစ်) ၁၂ လမ်း ၅ ရပ်ကွက် ဥသာမြို့သစ် ပဲခူးမြို့နေသူ မောင်းနှင်လာသည့် ပဲခူးမြို့ရပ်ကွက်ကြီး (၉) ရှိ KM အထည်ချုပ်စက်ရုံမှ အလုပ်သမားကြို/ပို့ ယာဉ် လမ်းဘေးသစ်ပင်အား ၀င်တိုက်မိခဲ့ကြောင်း သိရပါသည်။
အမှတ် NPW9B6835CITYBUS.NISSAN ဝါ/ပြာရောင်ကြား မှန်လုံယာဉ်သည် ပြွန်တန်ဆာမြို့မှ ဒိုက်ဦးမြို့ဘက်သို့ မောင်းနှင်လာစဉ် ဒိုက်ဦးမြို့နယ် ဆင်စခန်းကျေးရွာအုပ်စု ဆင်စခန်းကျေးရွာ ရန်ကုန်-မန္တလးကားလမ်းမိုင်တိုင်အမှတ် (၈၇/၃) နှင့် (၈၇/၄) အကြားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်(အနောက်ဘက်)ဘေးသို့ထိုးကျကာ လမ်းနံဘေးရှိလုံးပတ်လေးထွာခန့်ရှိ စိန်ပန်းပင်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။
ယာဉ်၏ရှေ့လေကာမှန်ကွဲ၊ ရှေ့ယာဘက် နံဘေးမှန်ကွဲ၊ ရှေ့ယာဘက်ဘန်ကာကွေးကောက်၊ ရှေ့ယာဘက်ခေါင်းပိုင်းခြမ်းပိန်ချိုင့်သွားခဲ့ကာ ယာဉ်ပေါ်ပါလာသည့် ခရီးသည်များ ဖြစ်ကြသော ခရီးသည်ကျား ၁၂ ဦး၊ မ ၃ ဦးမှာ အသီးသီးဒဏ်ရာရရှိသွားသည့်အနက် ကျား ၃ ဦးမှာစိုးရိမ်ဒဏ်ရာများရရှိသွားပါသည်။
ယာဉ်မောင်းဇော်လင်းဦးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် မြို့မရဲစခန်း (ဒိုက်ဦး)မှ ယာဉ် (ပ) ၃၄/၁၆ ရာဇသတ်ကြီး ပုဒ်မ၃၇၇/၃၈၈/၂ဝ၂ အရ အမှုဖွင့်အရေးယူကာ ယာဉ်မောင်းဇော်လင်းဦးအား ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
(မြို့နယ် ပြန်/ဆက်)
Myanmaalinn
REF News မှသတင်းများကိုမိတ်ဆွေတို့၏Mobile Phone တွင်လွယ်ကူစွာဖတ်ရှု့နိုင်ဖို့
REF News Apkကို Download ရယူလိုက်ပါ။
Labels
မှု့ခင်းသတင်း
Post A Comment
No comments :