လမ်းဘေးရပ်ထားသည့်(၁၂)ဘီးယာဉ်အား ဆိုင်ကယ် အရှိန်လွန်ဝင်တိုက်ဆိုင်ကယ်မောင်းနှင်သူသေဆုံး


ချောက်မြို့နယ်၊ ဂွေးချို-ချောက်ကားလမ်းတွင် ဒီဇင်ဘာ(၁၈)ရက်နေ့ နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့၍ လူတစ်ဦးသေဆုံးသွားခဲ့ကြောင်း ချောက်မြို့မရဲစခန်းမှ သိရသည်။

 ဒီဇင်ဘာ(၁၈)ရက်နေ့ နံနက်(၁)နာရီအချိန်က ဂွေးချို-ချောက်ကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ချောက်မြို့မရဲစခန်းမှ ဒုရဲအုပ် ဟိန်းရာကျော် သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

 ဂွေးချိုဘက်မှ ချောက်မြို့ဘက်သို့ သော်ဇင်ဝင်း၊၂၇နှစ်၊ အမှတ်(၁၃)ရပ်ကွက်၊ ချောက်မြို့နေသူသည် နံပါတ်မပါ Kenbo-110ဆိုင်ကယ်အား မောင်းနှင်လာစဉ် ဂွေးချို-ချောက်ကားလမ်း မိုင်တိုင်အမှတ် ၄၀၅/၇နှင့် ၄၀၆/၀ အကြား တမာအိုင့်ချောင်းကုန်း အတက်အနီးတွင် စက်ပျက်၍ ရှေ့/နောက် သစ်ကိုင်းများချကာ လမ်းယာဘက်ဘေးတွင် ရပ်ထားသည့် 5D/-------TTH(၁၂)ဘီးယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်တိုက်မိခဲ့သဖြင့် သော်ဇင်ဝင်းတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ဝဲနားသွေးထွက်၊ ပါးစပ်မှသွေးထွက်၊နှာခေါင်းသွေးထွက်၊ ဝဲမျက်ခုံးပေါက်ပြဲ၊ ဝဲတံတောင်ဆစ်ကျိုး ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏စစ်ဆေးချက်အရသိရသည်။

 ဖြစ်စဉ်နှင့် ပက်သက်၍ ယာဉ်မောင်း သော်ဇင်ဝင်းအား ဒုရဲအုပ် ဟိန်းရာကျော်မှ တရားလိုပြုတိုင်ကြားခဲ့၍ ချောက်မြို့နယ်၊ မြို့မရဲစခန်းက ယာဉ်(ပ)၃၉/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ထားသည်။

ရတနာပုံ သတင်းစာ

REF News မှသတင်းများကိုမိတ်ဆွေတို့၏Mobile Phone တွင်လွယ်ကူစွာဖတ်ရှု့နိုင်ဖို့
REF News Apkကို Download ရယူလိုက်ပါ။



BlockAdz
Post A Comment
  • Blogger Comment using Blogger
  • Facebook Comment using Facebook
  • Disqus Comment using Disqus

No comments :