လော်ကယ်ရထားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်
လက်ပံတန်း ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်း မြို့နယ် လက်ပံတန်းဘူတါအနီး မီးရထားသံလမ်းကူးဂိတ်တွင် ဒီဇင်ဘာ ၁၉ရက် နံနက်၁၁နာရီ ၄၅မိနစ် အချိန်က ရထားနှင့်ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ရထားအမှတ်( ၁၉၆) အစုန်၊ကျောက်အိုင်-လက်ပံတန်း လော်ကယ်ရထားသည် ညောင်ဝိုင်းဘူတာမှ လက်ပံတန်းဘူတာသို့ ထွက်ခွာလာစဉ် မောင်စည်သူ(၂၀) နှစ်ဂုံညင်းတန်းကျေးရွာနေသူမှ လောဂျား၁၁၀ အမျိုးအစား အနက်ရောင်(လိုင်စင်စိစစ်ဆဲ)ဖြင့် မီးရထားမိုင်တိုင်အမှတ် (၇၇/၆)မှ(၇၇/၇) ကြားရှိ ပိတ်ထားသော မီးရထားသံလမ်းကူးဂိတ်အား လမ်းမဟုတ်သည့် အခြားနေရာမှ ဝင်ရောက်သဖြင့် အရှိန်မထိမ်းနိုင်ဘဲ ရထားနှင့်ဝင်ရောက်တိုက်မိခဲ့သည်။
ရထားတွင်ပျက်စီးဆုံးရှုးမှုမရှိ လူထိခိုက်ဒဏ်ရာမရှိ၊ ဆိုင်ကယ်တွင် ရှေ့ဘီးပြုတ်ထွက် တန်ဖိုး၅သိန်း ကျပ်ခန့်ပျက်ဆီးဆုံးရုံးသဖြင့် ဆိုင်ကယ်အား မဆင်မခြင်ပေါ့ဆစွာ မောင်းနင်သူ မောင်စည်သူအား လက်ပံတန်းမြို့မ ရဲစခန်းမှ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်းသိရသည်။
မြို့နယ်၊ပြန်/ဆက်
Myanmaalinn
REF News မှသတင်းများကိုမိတ်ဆွေတို့၏Mobile Phone တွင်လွယ်ကူစွာဖတ်ရှု့နိုင်ဖို့
REF News Apkကို Download ရယူလိုက်ပါ။
Labels
ပြည်တွင်းသတင်း
Post A Comment
No comments :