ရန်ကုန်-ထားဝယ် အမြန်လူစီး ရထားလမ်းချော်ကျ
မော်လမြိုင် ဒီဇင်ဘာ ၁၉
ရန်ကုန်ဘူတာမှ ထားဝယ်ဘူတာသို့စက်ခေါင်းမောင်းဦဝင်းကျော်၊ ရထားထိန်းဦးဇော်သူ လှိုင်လိုက်ပါတာဝန်ထမ်းဆောင်လာသော အမှတ်(၁၇၅) အဆန် ရန်ကုန်-ထားဝယ် အမြန်လူစီးရထားသည် ဒီဇင်ဘာ ၁၉ ရက် နံနက် ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ကျွဲခြံ ဘူတာနှင့်သဲဖြူကုန်းဘူတာနှစ်ခုအကြား ရထားလမ်းမိုင်တိုင်အမှတ် ၁၆၆/၁၂ မှ ၁၃ တွင် ရိုးရိုးတန်းလူစီးတွဲBDTEZ 12132သည် ဘီးအမှတ်(၂)မှာ ရထားလမ်းအတွင်းသို့ ကပ်ကျသွားပြီး ဘီးအမှတ်(၇)မှ ရထားလမ်းအပြင်သို့ ကပ်ကျသွားကြောင်း သိရသည်။
ရထားလမ်းချော်ကျသည့်နေရာသို့ အမှတ်(၈)တိုင်းမှ တိုင်းတာဝန်ခံ မန်နေဂျာ (သွားလာ/ရေး) ဦးဖိုးမာက သွားရောက်ပြီး စီစဉ်òန်ကြား၍တွဲဖြစ်လုပ်သားများနှင်သံလမ်း ပြင်လုပ်သားများက အချိန်မီမတင်နေကြောင်း သိရသည်။ ရထားလမ်းချော်ကျမှုကြောင့် ခရီးသည်များထိခိုက်မှုမရှိပဲ ရထားလမ်းချော်ကျသဖြင့် စုန်-ဆန်ရထားများ ရပ်ထားရကြောင်း သိရသည်။
ဓါတ်ပုံ - Paung Daily
တင်ထွဋ်(မော်လမြိုင်)
Myanmaalinn
REF News မှသတင်းများကိုမိတ်ဆွေတို့၏Mobile Phone တွင်လွယ်ကူစွာဖတ်ရှု့နိုင်ဖို့
REF News Apkကို Download ရယူလိုက်ပါ။
Labels
ပြည်တွင်းသတင်း
Post A Comment
No comments :